မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ကမ္မမြို့သို့ ရောက်ရှိနေသာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း-၁၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်အချိန် မြိုင်မြို့နယ်မှ ထွက်ခွာလာပြီး ပခုက္ကူမြို့နယ် ကမ္မမြို့ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဗုံးသီး ၅ လုံးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း စစ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံးပြီး တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
” အဲ တိုက်ခိုက်မှုက စစ်ခွေး ၃ ကောင် သေတယ်လို့ သိရတယ်” ဟု ပခုက္ကူခရိုင်တပ်ရင်း-၁၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၁၃ နှင့် မဟာမိတ်များဖြစ်သော People’s Defense Force Kamma၊ နယ်စည်းမခြားဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း ၁ ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတပ်ခွဲ ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။