မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြောက်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း MVRF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြိုင်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ ၅ ရွာကျော်ကို စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ဒေသပြည်သူ ၄၀၀၀ ကျော်သည် မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင် နေရကြောင်းသိရသည်။
” ဒီနေ့ နံနက်ပိုင်းကစပြီး စစ်တပ် စစ်ကြောင်းထိုးနေတာ မြိုင်မြို့ မြောက်ဘက်မှာရှိတဲ့ ကျေးရွာ ၅ ရွာကျော်က ပြည်သူ ၄၀၀၀ ကျော် မိုးရွာထဲတွင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်” ဟု မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေး တပ်ဦး MVRF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် ဒေသပြည်သူများသည် မိုးရေထဲ စစ်ဘေးရှောင်နေရပြီး အစားအသောက် ရိက္ခာများ အမိုးအကာများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။