မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှောပင်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းထွက်လာစဥ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်တပ် စစ်ကြောင်းက ကျောက်ဆောက်တောင်ရွာမှ ပြန်လည် ထွက်သွားပြီး နှောပင်ရွာကို စစ်ကြောင်းထွက်ခွာလာစဥ် တော်လှန်ရေး တပ်ဖွဲ့ဝင်များက လမ်းတစ်လျှောက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒရုန်းဖြင့် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာ ရရှိသူများပြားပြီး စစ်သားများ တပ်ပျက်ကာ ထွက်ပြေးသွားပြီး နှောပင်ရွာနှင့် ဘုန်းကန်ရွာ၌ ရောက်ရှိနေကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ Pku thu rain အဖွဲ့ ၊ young force UG အဖွဲ့ ၊ MRTF အဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။