မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၁၄ ရက် နေ့တွင် မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှ ရဲ လုပ်သက် ၁၃ နှစ် ရှိသူ ရဲဒုတပ်ကြပ် ရဲဇော်ဦး မှ မြိုင်-ပကဖ ၊ CDF ဟားခါး တပ်ရင်း၂ – တပ်ခွဲ ၅ ၊ ဂန့်ဂေါခရိုင် တပ်ရင်း-၁၉ ထံသို့ဆက်သွယ်လာကာ G3-၁ လက် ၊ ကျည် ဘောက် – ၁ ခု၊ ကျည် – အတောင့် ၁၅၀ နှင့်အတူ ချက်ချင်းအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသူ ဒုတပ်ကြပ် ရဲဇော်ဦးအား ဆုကြေးငွေ သိန်း ၅၀ ကျပ် ပေးအပ်ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပေးပိုထားကြောင်း၊ စစ်သား ၊ ရဲများ အနေဖြင့် ပြည်သူလူထုရင်ခွင်ထံသို့ အသာ တကြည် အလင်းဝင်ရောက်ကြရန် နှိုးဆော်တိုက်တွန်းပါကြောင်း နှင့် တော်လှန်ရေး တိုက်ခိုက်ရေးအဖွဲ့ များ ၁၀၂၇ အားထောက်ခံသောအားဖြင့် တိုက်စစ်ဖွင့်တော့မည်ဖြစ်၍ မသေလိုလျှင် လက်နက်နှင့် တကွ အလင်းဝင် ရောက်ကြရန် မြိုင်ပကဖ က ထုတ်ပြန်ထားသည်။