မကွေးတိုင်း၊မြိုင်မြို့နယ် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်တပ် နဲ့ ပျူစောထီးတွေ အခြေချနေထိုင်တဲ့ သရက်ကွ ကျေးရွာကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဝံပုလွေပြောက်ကျား တပ်ဖွဲ့က ဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့က သြဂုတ်လ ၄ ရက် မနက်ပိုင်း အချိန်ကစတင်ပြီး ရန်သူ စစ်တပ် နဲ့ အပေါင်းပါတွေ စုဝေးနေထိုင်တဲ့ သရက်ကွ ကျေးရွာကို ဝေဟင်ကနေ ၁၀၀ မမ၊ ၁၂၀ မမ ဒရုန်းဗုံးတွေနဲ့ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ (M.V.P Revolution Force) နံသာမြိုင် ပြောက်ကျား တပ်ဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေးကစစ်ဆင်ရေး သတင်းကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဝေဟင်ကနေ ဒရုန်းတွေနဲ့ ဗုံးကြဲချ တိုက်ခိုက်မှုအပြီး ညနေပိုင်း အချိန်မှာ အဲ့ဒီကျေးရွာတွေကို လက်နက်ကြီး၊လက်နက်ငယ် တွေနဲ့ ထပ်မံပစ်ခတ်ရာ ၊ရန်သူ စစ်တပ်ဘက်က ပြန်လည် ပစ်ခတ် ပြီး၊ ၄၅ မိနစ်လောက်ထိတွေ့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
သရက်ကွ ကျေးရွာမှာ အခြေချ တပ်စွဲနေတဲ့ အကြမ်းဖက် စစ်တပ် နဲ့ လက်ပါးစေ ပျူစောထီးတွေ ပြန်လည် မဆုပ်ခွာမချင်း ဆက်လက် တိုက်ခိုက် သွားမှာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကကြေညာထားပါတယ်။
ဒီစစ်ဆင်ရေးကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ နံသာမြိုင်ပြောက်ကျား တပ်ဖွဲ့ မြိုင်၊ ဓားမင်းကြီးတပ်ဖွဲ့၊ မဟူရာ အလင်းတန်း မြိုင် တပ်ဖွဲ့ တို့နဲ့ မဟာမိတ် အဖွဲ့ပေါင်း ၃၀ နဲ့ ဖော်ဆောင်မှုတွေရှိပြီး၊ ပြည်သူကာကွယ်ရေး ရဲဘော်တွေ အထိအခိုက် မရှိဘူးလို့လည်း နောက်ဆက်တွဲ အဖြစ် ဖော်ပြထားပါတယ်။