မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဖူးကျေးရွာအနီးမှာရှိတဲ့ Local PDF စခန်းတစ်ခုကို အောက်တိုဘာ ၁၀ရက်နေ့၊မနက် ၆နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၄ ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
“စစ်တပ်က စခန်းကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့တယ်၊ မနက်မိုးမလင်းခင်မှာ ကျနော်တို့သေနတ်သံတွေကြားရတယ် တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ခုံခံပြန်ပစ်တယ်လို့ယူဆရတယ် ဒါပေမယ့် အလစ်ငိုက်ဆိုတော့ စစ်တပ်ဘက်က အသာစီးရတယ်၊နေ့လည်လောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ၄ ယောက်ကျတယ်လို့ကြားတယ်ဗျ၊ ထွက်ပြေးလွတ်မြောက်တဲ့သူတွေလည်းရှိတယ် တချို့ကိုတော့ အဆက်သွယ်မရသေးဘူးလို့ကြားတယ်” လို့ ၎င်းအဖွဲ့နှင့်နီးဆက်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။
၎င်းစစ်ကောင်စီ စစ်ကြောင်းဟာ မြိုင်နှင့်ပခုက္ကူမြို့နယ် အစပ်တွေမှာ စစ်ကြောင်းထိုးနေတာ ၁ ပတ်ကျော်ရှိနေပြီဖြစ်ပြီး၊ ဒေသခံ ၇ သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသံခံများထံက သိရပါတယ်။
ဒီကိစ္စနှင့်ပတ်သတ်ပြီး စစ်ကောင်စီဘက်မှ PDF အလောင်း ၄လောင်း၊သေနတ်၅လက် ဆိုင်ကယ် ၁စီးသိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ်လောင်ဘီများရဲ့ တယ်လီဂရမ်ချယ်နယ်မှတဆင့်လည်း ရေးသားဖော်ပြထားကြပါတယ်။