မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောာင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Young Force -UG တပ်ဖွဲ့မှ ပြန် ကြားရေး တာဝန်ခံ ကိုပိန်က ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၈ နာရီအချိန်မှ စ၍ ညနေ ၄ နာရီအထိ မြိုင်မြို့မှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မြိုင်မြို့ အရှေ့မြောက်ဘက်ရှိ ပေါက်ပြင်းကျေးရွာ အရောက် Fix Wing Drone ဖြင့် 1kg ဗုံးသီး ၁၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သားများရှိရာ နေရာပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ခွေးစစ်ကြောင်းက ရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုးပြီး ပြည်သူတွေနေအိမ်ထဲက ပစ္စည်းတွေ လိုက်ခိုးနေတာ၊ ဗုံးကျဲအထဲမှာ အပြင်းအထန် ဒဏ်ရာရတယ်လို့ ခန့်မှန့်ရတဲ့ ခွေး ၂ ကောင်က သေပါ တယ်၊ ကျနော်တို့ Record ထဲမှာ သေချာကြည့်ပြီးပြီ၊ လှုပ်ကို မလှုပ်နိုင်တော့ဘူး၊ သေတာသေချာ တယ်၊ ခွေးစစ်ကြောင်းက မနေ့က နေ့ခင်း ၃ နာရီလောက်က မြိုင်မြို့ထဲပြန်ဝင်သွားတယ်” ဟု Young Force – UG တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို THU RAIN -TR အဖွဲ့နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ – Young Force – UG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။