မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့အဝင်စစ်ဆေးရေးဂိတ်ကို RPG ဖြင့် ပစ်ခတ်ပြီး ဝင်ရောက် တိုက်ခိုက်ရာ စစ်သားဟ၂ ဦး သေဆုံးခဲ့ကြောင်း Earthqake People’s Defence Force ထံမှ သိရသည်။
ယနေ့ ဇွန်လ ၂၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က မြိုင်မြို့မှ မန္တလေးဘက်သို့ အထွက် စစ်ဆေးရေးဂိတ် ကို RPG ဖြင့်အနီးကပ် ပစ်ခတ်ခဲ့ရာ ဘန်ကာတည့်တည့်ကို ထိမှန်ပေါက်ကွဲပြီး အကြမ်းဖက် စစ်သားအများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း၂ – တပ်ခွဲ ၁ ၊ တပ်ခွဲ ၃ ၊ ရေစကြိုမြိုနယ် ပကဖ၊ Salingyi Special Task Force-SSTF နှင့် Earthquake People’s Defence Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်တပ်၏ မြို့ပြစစ်ဆေးရေးဂိတ်ကို အရှိန်အဟုန်ဖြင့် တိုက်ခိုက်နေပြီဖြစ်ပြီး မကြာမီမြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲနိုင်တော့မည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။