မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့အဝင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ယနေ့ နံနက်ပိုင်း ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၄ ရက်နေ့ နံနက်၈ နာရီ ၄၅ မိနစ်ခန့်အချိန် မြိုင်မြို့ အဝင်၊ မန်းလေးဂိတ်အား(ကား)အသုံးပြုပြီးအနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်ချိန်အနည်း ငယ်မျှသာကြာမြှင့်ပြီး ဘန်ကာရှေ့တွင်ထွက်နေသောစစ်သား ၂ ဦးအနက်မှ စစ်သား ၁ ဦးသေဆုံးကြောင်း၊ အဆိုပါ သေဆုံးဒဏ်ရာရစသား များကို အိမ်စီးကား နှင့်လာရောက်သယ် ယူသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများဘက်မှအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆင်ရေးကို မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပ.က.ဖ)တပ်ရင်း၂ (တပ်ခွဲ၃၊တပ်ခွဲ၄) နှင့်Earthquake People’s Defense Forceတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။