မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကို ကားပေါ်တင်ပစ်ရ သော အတွဲလိုက် ဒုံး လက်နက်ကြီးများအပါအဝင် လက်နက်ကြီးအများအပြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ပျူစောထီး ၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Chindwin Toe Na Yar တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၉ နာရီ မိနစ် ၂၀ ခန့်က စတင်၍ နေ့လည် ၁၁ နာရီခန့်အထိ မြိုင်မြို့ နယ်၊ ကန်နီပျူရွာရှိ အကြမ်းဖက်စစ် သား၊ ပျူစောထီးများနေထိုင်ရာ စခန်းများကို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း မဟာမိတ်ပူပေါင်း တပ်ဖွဲ့ များ မမများနှင့် ပွဲကခြင်း စစ်ဆင်ရေးအဖြစ် ကားပေါ်တပ်ပြီး ပစ်ရသော အတွဲလိုက် ဒုံးလက်နက်ကြီး အပါအဝင် ၄၀မ မ ၆၀ မမ ၈၀ မမ လက်နက်ကြီးများအပြင် မောင်းသူမဲ့လေယာဉ် ၄ စီးဖြင့်ပါတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်မှုအတွင်း ကန်နီပျူစောထီးကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄၅ ဦး အပြင်း အထန်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများလည်းရှိနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ မောင်းသူမဲ့လေယာဉ်ငယ် တစ်စီး ပျက်စီးဆုံးရှုံးခဲ့ပြီး ရဲဘော်များအားလုံးအထိအခိုက်မရှိခဲ့ကြောင်း သိရ သည်။
အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယား YMB ၊ ယင်းမာပင်ခရိုင်အမှတ် ၂၉ တပ်ရင်း ၊ တပ်ခွဲ ၂ ၊ ဘာမထီပွဲတိုင်းကျော် YMB ၊ ဇာမဏီတပ်ဖွဲ့၊ SDB တပ်ဖွဲ့၊ ဒေါင်းနီ တပ်ဖွဲ့၊ ကိုဇော်မိုက်၊ သပြေတော ပကဖ၊ ကန်လယ် ပကဖ၊ ဗိုလ်လရောင် ပကဖ၊ သမ္မဂ္ဂသာနော ၊ တော်ဝင်ကျား၊ M P L ၊ T K G F၊ သိမ်းငှက်နီ၊ ရွှေဟင်္သာ ၊ ဗမာဒေါင်း၊ အညာမုန်းတိုင်း၊ စွန်ရဲ၊ ဘာမထီ၊ တော်ဝင်ကျား စသည့် မဟာမိတ် အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။