မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာအုပ်စုရှိ ပြည်သူများ အနေဖြင့် ယနေ့ မှ စတင်ကာ ကျေးရွာများ အတွင်းမှ အမြန်ဆုံးထွက်ခွားရန် အရေးပေါ်ထုတ်ပြန်ထားကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇွန်လ ၂၇ ရက်နေ့မှ စတင်ကာ ဇူလိုင်လ ၂၀ ရက်နေ့ထိ တွင်းမကျေးရွာအုပ်စုရှိ ကျေးရွာများ၌ နေထိုင်သော ပြည်သူများအနေဖြင့် ကျေးရွာတွင်းမှ အမြန်ဆုံးထွက်ခွာရန်နှင့် တွင်းမကျေးရွာအုပ်စုရှိ စစ်တပ်စခန်းနှင့် ပျုစောထီးရွာများကို တိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ် ထိရောက်လို၍ ပျူစောထီး၊ စစ်သားနှင့် ရဲများနှင့် ပတ်သက် ဆက်နွယ်မှုမရှိသည့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရှောင်ရှားပေးကြရန် ဖြစ်ကြောင်းသိရသည်။
ထို့ပြင် တွင်းမကျေးရွာအုပ်စုမှ ပြည်သူများအနေဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပကဖများ လုံခြုံရေးယူ၍ စစ်တပ်နှင့်ပတ်သက် ဆက်နွယ်သည့် ထောက်တိုင်များအား စစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်နေသည့် လမ်းပိုင်းကို ဖြတ်သန်းသွားလာမှု ပြုလုပ် နေသည့်အချိန်တွင် သတင်းပေးမှုပြုလုပ်သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များကို စစ်သားနှင့် ပျူစောထီးများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေး သတင်းပေါက်ကြားမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ကမ္မ-မြိုင် လမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန်နှင့် သွားလာသည့် မည်သူမဆို ထိခိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါက တာဝန် ယူမည် မဟုတ်ကြောင်း မြိုင် ပကဖ က တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။