အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုကို ခံယူကာ PDF တပ်ရင်းတွေအဖြစ် တိုက်ပွဲဝင် နေတဲ့ ပခုက္ကူခရိုင်၊မြိုင်ဒေသအခြေစိုက် အမှတ် (၂)တပ်ရင်း ၊ အမှတ် (၆)တပ်ရင်း၊ အမှတ် (၇)တပ်ရင်းနဲ့ အမှတ် (၁၇)တပ်ရင်း ရဲ့ တပ်ရင်းရပ်တည်ရေးနဲ့ စစ်ရေး၊ဘဏ္ဍာရေးလိုအပ်ချက်တွေအတွက် ထောက်ပို့တပ်ရင်းကို ဖွဲ့စည်းခဲ့ရတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊မြိုင်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေက အခြား တော်လှန်ရေးနည်းနာပေါင်းစုံနဲ့ တိုက်ပွဲဝင်နေတဲ့ မြိုင်ဒေသ အခြေစိုက်တော်လှန်ရေးအစုအဖွဲ့တွေကပြည်တွင်း၊ ပြည်ပ ထောက်ပို့ ရဲ့ဘော်တွေနဲ့ ဆွေးနွေးတိုင်ပင်ကာ (Myaing Supporting Battalion) မြိုင်ထောက်ပို့တပ်ရင်းကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာပါ။
အခမ်းအနားမှာ အလုပ်အမှုဆောင်ကော်မတီ နာယကက အဖွင့်မှာ စကားပြောကြားခြင်း၊အလုပ်မှုဆောင်ကော်မတီ ဥက္ကဌက ထောက်ပို့ တပ်ရင်းကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်း၊ အမှတ်(၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်ဒေါင်မင်းက ကျေးဇူးတင်စကားပြောကြားခြင်း၊ တက်ရောက်လာတဲ့ တာဝန်ရှိသူများမှ ထောက်ပို့တပ်ရင်းနဲ့ ပက်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ဖွဲ့စည်းခြင်း အခမ်းအနားကို ထောက်ပို့တပ်ရင်းရဲ့ အလုပ်အမှုဆောင် ကော်မတီဝင်တွေ ထောက်ပို့ခံတပ်ရင်းအသီးသီးက တပ်ရင်း အရာရှိတွေနဲ့ ဖိတ်ကြားထားတဲ့ ဒေသအတွင်းက တော်လှန်ရေး ရဲဘော်တွေ တက်ရောက်ခဲ့ ကြပါတယ်။
ဒါ့အပြင် မြိုင်ဒေသအခြေစိုက် အခြားတပ်ရင်းတွေနဲ့ ပကဖတပ်ရင်းတပ်ဖွဲ့တွေကို ထပ်တိုးထောက်ပံ့ပေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။