ရန်ကုန်တိုင်း၊လှိုင်မြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ ပစ္စည်း ပြန်လည် အပ်နှံလာတဲ့ နေ့မှာ ၊ လှိုင်ပကဖ ရဲ့ ပစ္စည်းများအပြင်၊ လက်လုပ်မိုင်းကဲ့သို့ အလုံပိတ်ပြင်ဆင်ထားတဲ့ ပစ္စည်းတခုအတွင်းမှ Mytel sim card အသုံးပြုထားတဲ့ GPS တခု ပါဝင်လာတာကို စီစစ် တွေ့ရှိခဲ့တယ်လို့ ဒီနေ့ ရက်စွဲ နဲ့ အသိပေးပါတယ်။
ပြီးခဲ့တဲ့ တစ်လကျော်က လှိုင်ပကဖ မှ သက်ဆိုင်ရာ ခရိုင် တာဝန်ခံ နဲ့ မစ်ရှင်တခုဖော်ရန် လိုအပ်တဲ့ ပစ္စည်းများကို ပေးအပ်ခဲ့ရာမှ၊ အဆိုပါ မစ်ရှင်မလုပ်ဖြစ်တော့တဲ့အတွက် ၊ သက်ဆိုင်ရာ ထောက်ပို့ ရဲဘော် ထံမှ ပစ္စည်းပြန်လည်သွားယူခဲ့တယ်လို့ ဆိုပါတယ်။
ပစ္စည်းသွားယူတဲ့နေ့မှာ လှိုင် ပကဖ ရဲ့ ပစ္စည်း အပြင်၊ လေ့ထောင့် ကော်ဗူး တဗူးအပို တခု ပါလာတဲ့အတွက် လမ်းတွင် ဖွင့်ဖောက် ကြည့်ရာ မှာ အပေါ်ယံ လက်လုပ်မိုင်းကဲ့သို့ ပြင်ဆင်ကာ၊ အတွင်းထဲ GPS စက်ကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
မြို့ပြ မစ်ရှင်ပြုလုပ်မယ့် စစ်သုံးပစ္စည်းတွေကို သွားယူတဲ့ ရဲဘော် များမှ ချက်ခြင်းသတင်းပို့ကာ ၊ လမ်းမှာ ဖျောက်ဖျက်ပစ်လိုက်တယ် လို့ ဆိုတာနဲ့ အကြမ်းဖက်စစ်ကောင်စီမှ နည်းမျိုးစုံ ဖြိုခွင်းရန် အယောင်ဆောင် သူလျှိုများ မြို့ပြတော်လှန်ရေးအဖွဲ့တွေထံ စိမ့်ဝင်နေတာကို တွေ့ရှိရတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။