မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု (OPRF – PLA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၁၇ မိနစ်ခန့်တွင် မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာရှိ စစ်သား၊ ရဲ နှင့် အုပ်ချုပ်ရေးမှူးများ ပူပေါင်း၍ စစ်ဆေးရေး ပြုလုပ်နေသော ဂိတ်ကို OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဂိတ်ကို OPRF – PLA အဖွဲ့က ကိုက် ၂၀၀ ခန့်အကွာမှ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက် လုံးဝ မရှိဘဲ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။ စစ်ခွေးသေဆုံးမှုရှိပေမယ့် အတည်မပြုနိုင်သေးပါဘူး” ဟု အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု (OPRF – PLA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။