ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပွိုင့် ၄၀၂ နှင့် ၄၀၈ တောင်ကုန်းရှိ စစ်တပ် စခန်းမှ စစ်ကောင်စီ တပ်သားများ စခန်းကို မီးရှို့ဖျက်ဆီးပြီး စွန့်ခွာထွက်ပြေးသွားကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန် သည်။
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင် မြေပုံမြို့နယ်၊ ဟင်းခရော်ကျေးရွာ ၏ အနောက်မြောက်ဖက် ၂.၇ ကီလိုမီတာအကွာအဝေးရှိ ပွိင့် ၄၀၂ နှင့် ပွိင့် ၄၀၈ ကုန်း မှ အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၄တို့၏ တပ်စခန်းရှိ လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများ နှင့် စခန်းကုန်းတစ်ခုလုံးကို ၎င်းတို့ ကိုယ်တိုင်မီးရှို့ခဲ့ကြကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်ရဟတ်ယာဉ်များဖြင့် အမ်းမြို့ရှိ အနောက် ပိုင်း တိုင်းစစ်ဌာနချုပ်သို့ တိမ်းရှောင်ထွက်ပြေးကာ ပူးပေါင်းသွားခဲ့ပြီး စစ်သားများမီးရှို့ခဲ့သည့် စခန်းများမှာ လက်ရှိအချိန်အထိ မီးဆက်လက် လောင်ကျွမ်းလျက်ရှိကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။