ချင်းပြည်နယ် မတူပီ- ဟားခါးလမ်း၌မြေပြိုမှုများ အလွန်ဆိုးရွားနေသောကြောင့် ပြည်သူလူထုများအနေဖြင့် ခရီးသွားလာခြင်းမပြုရန် မတူပီမြို့နယ်ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထုတ်ပြန်သည်။
ယခုလအတွင်း အဆက်မပြက် မိုးရွာသွန်းမူ့ကြောင့် မတူပီမြို့နယ်တွင် မြေပြိုမူ့များ၊ ရေကြီးမူ့များ ရှိနေပြီး မြေပြိုမှုများအလွန်ဆိုးရွားနေသည်ဟု အသိပေးသည်။
မတူပီ -ဟားခါးလမ်း ၊ လုံလှော် -ဇကမ်းအကြား ကားလမ်းမ မြေပြိုမူ့များနေကြောင်း CDFက ထုတ်ပြန်ခဲ့ပြီး မြေပြိုမူ့နေရာများအား ခရီးသွားလားခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံသည်။
ထို့အပြင် ကား၊ ဆိုင်ကယ်(မော်တော်ယာဉ်)အမျိုးမျိုး ဖြတ်သန်းသွားလားခြင်းမပြုလုပ်ကြရန် မတူပီ CDFက ထုတ်ပြန်သည်။
မတူပီ CDFအနေဖြင့် ၎င်းတို့ နယ်မြေအတွင်း စစ်ကောင်စီယာဉ်တန်းများ၊ စစ်ကြောင်းများ လှုပ်ရှားမှုရှိပါက တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည်။