ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း အမှတ် (၈) မှ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေအထိ တပ်သားများ စေလွှတ်ကာ တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။
တပ်ရင်း (၈)က ဗဟိုကော်မတီရဲ့ မူဝါဒကို ကိုင်စွဲကာ ကရင်နီ အပြင် မြောက်ပိုင်းမဟာမိတ် တပ်များအထိ တာဝန်ထမ်းဆောင်နေတာ ဖြစ်တယ်လို့ KNDF ဗဟိုကော်မတီဝင်မှ မနေ့က တပ်ရင်း (၃) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ပြောကြားသွားပါတယ်။
KNDF တပ်ရင်း အမှတ်(၈)ဟာ ၂၀၂၁ ခုနှစ် ဇူလိုင် (၈)ရက်မှာ တပ် စတင်ဖွဲ့ခဲ့တာဖြစ်ပြီး၊ ၂၀၂၄ ဇူလိုင် ၈ ရက်မှာ ၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
၃ နှစ်အတွင်း တိုက်ပွဲပေါင်း ၆၄ ကြိမ်နဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ပြီး၊ ကျဆုံး အာဇာနည် ၁၇ ဦးထိ ရှိခဲ့ပြီလို့ ပြောပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ စစ်အာဏာရှင် အမြစ်ပြတ်သွားတဲ့အထိ တိုက်ပွဲဝင်သွား မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။