ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်ရုံးတွင် ယနေ့ ညနေပိုင်း ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီ ၁၆ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက်၊ သုဓမ္မာလမ်းနှင့် ခေမာသီလမ်းထောင့်ရှိ မြိုနယ်လျှပ်စစ်ရုံးအနီးတွင် ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
“အခုညနေ ၆ နာရီ ၁၆ မိနစ်အချိန် မြောက်ဥက္ကလာ ၂ လုံးဆက်တိုက် အုန်းကနဲပဲ။ အသံကတော့ အောင်ချက်ပဲ။ လူထိခိုက်မှုတော့မရှိဘူး။ မီတာရုံးကို ဖောက်တာလို့ သိရတယ်။ စစ်သားနဲ့ရဲတွေ လာစစ်ပြီး ဗုံးကျန်၊ မကျန် ထပ်လာစစ်တယ်။” ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။