ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်း တံတားတွင် ယနေ့ ညနေ ၆ နာရီခွဲ အချိန် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာချိတ်ဆွဲသည်။
အဆိုပါ စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာတွင် ရန်ကုန်မှာ ပြန်ဆုံမယ်၊ `ရန်ကုန်’၊ ပေတရာပေါ်ကသွေးတွေ မခြောက်သေးဘူး Yangon Army (YA) ရပြီး ၊ သွေးမအေးဘူး၊ ရန်ကုန်ကိုပြန်ရစေရမယ် ၊ စနစ်ဆိုးကိုမှောက်ပစ် ဆိုသော စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများ ရေးသားထားပြီး ဗုံးရှိသည်ဟုလည်း သတိပေးချက် ရေးသားခဲ့ကြောင်း သိရှိရသည်။