ဂျန်နဝါရီ ၉ ရက်နိ၊ နိခင်းပိုင်းမာ မြောက်ဦးမြို့က ညီအစ်ကိုနှစ်ယောက်အပါအဝင် အာရက္ခပြည်သူ ၃ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိ သီနတ်နန့် ပစ်သတ်လို့ ဂွင်ချင်းသီဆုံးလားကြောင်းသိရပါရေ။
သီနတ်နန့် ပစ်သတ်ခံရရေ လူနှစ်ယောက်မာ မြောက်ဦးမြို့၊ အလယ်ဈီးရပ်ကွက်က ဦးစံရွှီကျော်(၅၂ နှစ်)နန့် အလယ်ဈီးရပ်ကွက်၊ ရှောက်တောစုရပ်က ဦးထွန်းထွန်းဦး(၃၅ နှစ်)၊ ကိုစောနိုင်ထွန်း(၂၈ နှစ်) ရို့ညီအစ်ကို နှစ်ယောက်ရို့ ဖြစ်ကတ်ပါရေ။
ယင်းအထဲက ဦးစံရွှီကျော်ကို ဂျန်နဝါရီ ၉ ရက်နိ၊ နိခင်း ၃ နာရီ ၄၀ လောက်မာ သကျမာရ်အောင်ဖက်က တပ်ဆုတ်လာရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိက လူသားဒိုင်းကာအဖြစ်ဖမ်းယူလားခပနာ အလယ်ဈီးတန်းထားအလွန်မာ သီနတ်နန့် ပစ်သတ်လားစွာ ဖြစ်ပါရေ။
ဦးထွန်းထွန်းဦးနန့် ကိုစောနိုင်ထွန်းရို့ ညီအစ်ကိုနှစ်ယောက်ကိုတော့ ဂျန်နဝါရီ ၉ ရက်နိ၊ နိခင်း ၁ နာရီလောက်မာ ယင်းခမရ (၅၄၀) တပ်ရင်းက စစ်ကြောင်းတကြောင်နန့် လမ်းမာတွိလို့ ဖုန်းသိမ်းယူလားခစွာကို ပြန်လားတောင်းလို့ သီနတ်နန့် ပစ်သတ်ပခစွာဖြစ်ပါရေ။
ယင်းပစ်သတ်ခံရမှုကြောင့် ၃ ယောက်စလုံးကတော့ နီရာမာပင် ဂွင်းချင်း သီလားရေလို့ သိရပါရေ။
ယင်းအပြင် ဂျန်နဝါရီ ၉ ရက်နိ၊ နိခင်းပိုင်းမာပင် မြောက်ဦးအခြီစိုက်စစ်ကောင်စီတပ်ရင်းတိက လက်နက်ကြီးနန့်ပစ်ခတ်လို့ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်က သက်ကြီးပိုင်းအမျိုးသားတယောက်သီဆုံးလားရပြီးကေ၊ အချေတယောက်လည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရလားခရေလို့ ကနဦး သိရပါရေ(အေကိစ္စ ဆက်လက်ဖော်ပြပီးလားပါမေ)။
ရက္ခိုင်မာ ရက္ခိုင့်တပ်တော်AAနန့် စစ်ကောင်စီတပ်ရို့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတိနီထိုင်ရေ ရပ်ရွာတိကို လက်နက်ကြီး၊ လက်နက်ချေတိနန့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက်ခိုက်နီပါရေ။
တချိန်တည်းမာ ယင်းလက်နက်ကြီး၊ လက်နက်ချေ ကျည်တိကြောင့်လည်း အရပ်သားပြည်သူတိ သီဆုံး၊ ထိခိုက်ဒဏ်ရာရမှု၊ အိုးအိမ်အဆောက်အအုံပျက်စီဆုံးယှုံးမှုတိ တရက်ထက်တရက် ပိုလို့ များပြားလာနီပါရေ။