ရခိုင်ပြည်၊ မြောက်ဦးမြို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီရဲ့ ခမရ-၃၇၇ နဲ့ ခမရ-၃၇၈ တပ်ရင်းတွေမှ သိမ်းမိတဲ့ လက်နက်တွေကို AA ဒီနေ့မှာ ထုတ်ပြန်ပြသပါတယ်။
မြောက်ဦးမှ စစ်ကောင်စီတပ်ရင်းနဲ့ ရဲတပ်ရင်း ၃၂ တို့ကို AA က ဖေဖော်ဝါရီ ၈ ရက်မှာ သိမ်းပိုက်ပြီးနောက် မြောက်ဦးမြို့နယ်တစ်ခုလုံးမှာ စစ်တပ်ကင်းစင်ပြီး AA က ထိန်းချုပ်ထားလိုက်ပြီလို့ ထုတ်ပြန်အသိပေးခဲ့ပါတယ်။