စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်အတွင်းလှည့်လည်နေသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၅ ဦးခန့်သေဆုံးနိုင်ကြောင်း ပြည်သူ့တပ်မတော်(မြောင်) – Myaung Union Army ထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက် ၇ နာရီ မိနစ် ၅၀ ခန့်က မြောင်မြို့နယ်၊ ကင်းကျေးရွာမှ ပြည်သူ များ၏ ပစ္စည်းများကို ခိုးယူပြီး ကင်းကျေးရွာ၏ အနောက်ဘက် ကင်းကျောင်းသို့ ထွက်လာသော အ ကြမ်းဖက်စစ်သား ၁၀ ဦးခန့်ကို ပဒေသာ မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး အထက် လေပေါ်မြောက်တက်သွားပြီး အလူးအလဲဖြစ်နေသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း သိရှိရ သည်။
အဆိုပါတိုက်ခိုက်မှုကို ခွပ်ဒေါင်းမာန် LPDF မှ ဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (Myaung Union Army)၊ စစ်ကိုင်းခရိုင် တပ်ရင်း၂ (တပ်ခွဲ-၃) ၊ ကျေးရွာ ပကဖ အဖွဲ့ဝင်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းကြမ်းဖက်စစ်ကြောင်းမှာ ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခန့်က ကျောက်ရစ်အထိုင်စခန်းမှ ကင်းကျေးရွာသို့ တိတ်တဆိတ်ဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဘုရားတောင်ကုန်း၌ အကြမ်းဖက်စစ်ကောင်စီ ကား တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နေ့လည် ၁၁ နာရီ ၄၅ မိနစ်ခန့်က နတ်တလင်းမြို့နယ်၊ နတ်တလင်း မြို့အရှေ့ဘက် မကျည်းပင်ရွာ အောင်သုခမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို ဘုရားတောင်ကုန်းအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှ ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“နတ်တလင်းမြို့ဘက်ထွက်တာလို့ ထင်တယ်ဗျ၊ အတိအကျတော့ မသိရဘူး၊ ထွက်မယ်သတင်းရလို့ ကြားဖြတ်မိုင်းဆွဲခဲ့တာပါ၊ ကားပေါ်မှာက အနည်းဆုံး ၁၅ ယောက်လောက်တော့ပါမယ်၊ ကား နောက်ပိုင်း ကတော့ မြောက်တက်သွားတယ်လို့ မြေ ပြင်သတင်းအရ သိရတယ်၊အထိအခိုက် အကျအဆုံးကို တော့ ဆက်လက်စုံစမ်းနေဆဲပါဗျ” ဟု နတ်တလင်းပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ – Phoenix D-F မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁ ၊ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ – Phoenix D-F ၊ တပ်ခွဲ ၂ ၊ တပ်စု ၃ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အတွင်း၌ တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းစစ်အုပ်ျမားအနီးတွင် နေထိုင်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ခရီးသွား လာခြင်း၊ အကြမ်းဖက်စစ်သားများနှင့် အဆက်အသွယ်ပြုလုပ်ခြင်းတို့ ရှောင်ရှားနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။