စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တနေရာတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ အပတ်စဉ် ၆ သင် တန်းဆင်းပွဲကျင်းပခဲ့ကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။
စက်တင်ဘာ ၂၇ ရက် နံနက် ၇ နာရီခန့်က အဆိုပါသင်တန်း ဆင်းပွဲကို MBT အမှတ် ၆ စစ်ရေးနယ်မြေ အဖြစ် စခန်းခွဲ အ ထိုင်ထားရှိရန် ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းခွဲတွင် တာဝန်ထမ်း ဆောင် ကြမည့် သင် တန်းသားရဲဘော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြောင်မြို့နယ်သည် အကြမ်းဖက်စစ်တပ်၏ စစ် ကြောင်း ထိုးမီးရှို့ဖျက်ဆီးမှုများ မကြာခဏ ခံစားနေရပြီး MBT ရဲဘော်များအနေဖြင့် မိမိတာဝန်ထမ်းဆောင်ရမည့် မြောင်နယ်မြေတွင် ပြည်သူ လူထုအား အသက်ပေးကာကွယ်ရန်နှင့် စကစ စစ်ကြောင်းများကို နောက်မဆုတ်တမ်း တိုက်ထုတ်ရန် အပြည့်အဝအမိန့်ပေးအပ်ခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောဆိုသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် အလေးပြုအခန်းအနား ကျင်းပပြီးနောက် တော်လှန်ရေးနှင့် MBT အဖွဲ့အပေါ် သစ္စာစောင့်သိပြီး ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည့်အကြောင်း သစ္စာ ရေသောက်၊ အဓိဌာန်ပြုသည့် အခမ်း အနားကို ဆက်လက်ကျင်းကာ သေနတ်ပစ်ဖောက် ဂုဏ်ပြု၍ သင်တန်းဆင်းပွဲအခန်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။