စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်မှာ တော်လှန်ပြည်သူတွေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဖြစ် ဒီနေ့မှာ ဆန္ဒပြချီတက်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက “ဖက်ဆီတွေကို လေယာဉ်ဆီရောင်းပေးနေတာ ချက်ခြင်းရပ်” နဲ့ ’လူ့ဂုဏ်သိက္ခာနှင့်အညီ လွတ်လပ်မျှတခြင်းဆီ လှိုင်းများနှင့်အတူချီ’’ အစရှိတဲ့ စာသားတွေ ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးခဲ့ကြတာပါ။
ဆန္ဒပြသပိတ်ကို မြောင် လူငယ်ကွန်ရက်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများ အဖွဲ့ချုပ်၊ LGBT အသိုင်းအဝိုင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။