မြောင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို မြောင်မြို့နယ် ပြန်လည်ထူထောင်ရေး ကမ်းလက်လေးများ (ပရဟိတ) အဖွဲ့က အိမ်ထောင်စု ၁၂၀ အတွက် တစ်အိမ်ထောင်လျှင် ဆန် ၁ ပြည်နှုန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ရွှေပေါက်ပင်ရွာနှင့် ကျီကုန်ရွာကို မီးရှို့ ဖျက်ဆီးခဲ့သောကြောင့် ကျေးရွာနေ ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကာ လှူဒါန်းလိုသော ပြည်သူများ အနေဖြင့် ကမ်းလက်လေးများ (ပရဟိတ) အဖွဲ့၏ Facebook Page ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။