စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျောက်ရစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေက မတ်လ ၁၀ရက်နေ့ မနက် ၁၁နာရီ ၃၀မိနစ်မှ နေ့လည် ၁၂နာရီ ၃၀မိနစ်ထိ “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings ဒရုန်းတွေနဲ့ AIR BOMB ၅လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ အဆောက်အဦးတစ်ခု မီးလောင်ပျက်စီး သွားပြီး အထိခိုက်အကျဆုံး စုံစမ်းစစ်ဆေးဆဲဖြစ်တာကြောင့် အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါ ဒရုန်း မစ်ရှင်ကို မြင်းခြံခရိုင် အမှတ်၃တပ်ရင်း နဲ့အတူ ညီနောင်မဟာမိတ်တွေ ဖြစ်ကြတဲ့ စစ်ကိုင်းခရိုင် အမှတ်၄တပ်ရင်း-MSPDF/MSDF၊ မြင်းခြံခရိုင်အမှတ်၈တပ်ရင်း-NRDF၊ မုံရွာခရိုင်အမှတ်၁၂တပ်ရင်း-တပ်ခွဲ၂၊ မိတ္ထီလာခရိုင်အမှတ်၃တပ်ရင်း၊ CHAUK PDF၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ စတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။