စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်း ခရိုင် အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ လွင်ဂူးက ပြောကြားသည်။
မတ်လ ၁၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်မှ ၁ နာရီ အချိန်ခန့်အထိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အခြေချနေထိုင်သည့် ကျောက်ရစ်စခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက် ရေး Fixed Wings Drone များဖြင့် AIR BOMB ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား များ နေထိုင်ရာ စခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
“ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်ပါတယ်၊ သတင်းအတိအကျ မသိရသေးတာပဲရှိတာ၊ ဗုံးချတော့ ပြန် ပစ်နိုင်ဘူး၊ ကတုတ်ကျင်းထဲ ပြေးဝပ်ကြတယ်” ဟု စစ်ကိုင်း ခရိုင် အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင်အမှတ် ၈ တပ် ရင်း -NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း နှင့် CHAUK PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။