စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေပေါက်ပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြောင်မြို့နယ်၊ ရွှေပေါက်ပင်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
“မြောင်မြို့နယ် ရွှေပေါက်ပင်ကျေးရွာကို စစ်ခွေးတွေ မီးရှို့နေတယ်။ ညနေ ၃ နာရီကျော်ခန့်ကရှို့နေတာ ရွာထဲ အခြေအနေ အတိအကျ မသိရသေးဘူး။ ပြည်သူတွေကတော့ ရွာလုံးကျွတ် ပြေးနေရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။