စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ မကျီးကန်ရွာအနီးမှာ စက်တင်ဘာလ ၂၇ ရက်၊ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ် ကင်းပုန်းနဲ့တိုးပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တဦး ပစ်သတ်ခံခဲ့ရတယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
“အဲ့ဒီ့ရဲဘော်က တမဆေးကန်ရွာကနေ တွင်းကြီးကျေးရွာဘက်ကိုထွက်လာတာ ။ ကျောက်ရစ်စခန်းက စစ်ေ-ွးတွေက ညကတည်းက ကင်းပုန်းဝပ်နေတာ။သူလာတဲ့အချိန်တိုးပြီး အသတ်ခံလိုက်ရတာ” လို့ မြောင်ပြည်သူ့ကာကွယ်တပ်တာဝန်ရှိသူတဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ ရဲဘော်ဟာ စစ်ကိုင်းခရိုင်၊ တပ်ရင်း၆က ဖြစ်ပြီးတမဆေးကန်ရွာကနေ တွင်းကြီးရွာဘက်ကို ဆိုင်ကယ်နဲ့ထွက်လာတဲ့အချိ်န်မှာ မကျည်းကန်ကျေးရွာကို ဖြတ်ချိန် အခုလိုကင်းပုန်ဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့တိုးပြီးအသတ်ခံလိုက်ရတာလို့အဲ့ဒီတာဝန်ရှိသူက ဆိုပါတယ်။
မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းက စစ်ကောင်စီတပ်သားတွေက မကျည်းကန်ကျေးရွာနားမှာ စက်တင်ဘာလ ၂၆ရက်၊ မနေ့က ညပိုင်းထဲက ကင်းပုန်းဝပ်နေခဲ့ပြီး PDF ရဲဘော်ကို အခုလို ခြုံခိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အသတ်ခံရတဲ့ရဲဘော်နဲ့ အတူပါလာတဲ့ M-22တလက်နဲ့ ဆိုင်ကယ်ကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
ချောင်းဦး၊ မကျီးခွရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပစ်ခတ်စီးနင်းခဲ့တာကြောင့်လည်း စက်တင်ဘာလ ၂၆ ရက် မနေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးနဲ့ ဒေသခံ အမျိုးသမီးတဦးလည်း သေဆုံးခဲ့ပါသေးတယ်။