ကရင်ပြည်နယ် မြ၀တီမြို့ အနီးတွင် ယနေ့ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်းကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းစစ်ကြောင်း တစ်ခုဖြစ်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
မြ၀တီမြို့ အနီးတဝိုက်တွင် ဇူလိုင် ၅ရက်မှစ၍ နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ယနေ့ ဇူလိုင် ၁၀ရက် မွန်းလွဲပိုင်းတွင် မြ၀တီမြို့ လက်ခတ်တောင် အနီး၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှု အား စိစစ်ဆဲဖြစ်ပြီး ကော်ဘရာ စစ်ကြောင်း ပါဝင်သည့် ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။
စစ်ကောင်စ ရမ်းသန်း ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ၍ အရပ်သား ပြည်သူတစ်ဦးစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
မြ၀တီမြို့ အနီးတိုက်ပွဲများကြောင့် ဇူလိုင် ၅ရက်မှ ၁၀ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ ၅ဦးထက်မနည်းသေဆုံးပြီး အရာရှိ အပါအဝင် ၈ဦးထက် မနည်း ဒဏ်ရာရခဲ့ကြောင်းကော်ဘရာ စစ်ကြောင်း၏ စစ်ရေးသတင်းထုတ်ပြန်မှုများအရ သိရသည်။