မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီဝင်၊ ပြည်ထဲရေးဌာန ဌာနမှူး နိုင်ပညာမာန် နှင့်အဖွဲ့က ရေး – ထားဝယ်လမ်းပိုင်း၌ ခရီးသွားပြည်သူလူထုနှင့်တွေ့ဆုံကာ တော်လှန်ရေးတွင်ပူး ပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံပြောဆိုခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က မွန်ပြည်နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ ရေး -ထားဝယ် လမ်းပိုင်း၌ ခရီးသွားပြည်သူလူထုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီဝင်၊ ပြည်ထဲ ရေး ဌာနမှ ဌာနမှူး နိုင်ပညာမာန်နှင့် အဖွဲ့သားများက တွေ့ဆုံခဲ့ပြီး လုံခြုံရေးအတွက် သတိပြုရမည့် အချက်များ ရှင်းလင်းပြောကြားကာ တော်လှန်ရေးအင်အားစုများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းပေး ကြပါရန်လည်း မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။
အမှတ် ၈ ပြည်ထောင်စုလမ်းမ၊ ရေး-ထားဝယ်ကားလမ်းပိုင်းတွင် တော်လှန်ရေးမဟာမိတ် တပ် ပေါင်းစုများ လုံခြုံရေးရယူနေစဉ်အတွင်း ပြည်ထဲရေးဌာနမှ ခရီးသွားပြည်သူများနှင့်တွေ့ဆုံကာ စကားပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ပျက်သုဉ်း ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုက် ပွဲဝင်နေသည့် ပြည်နယ်/ဖက်ဒရယ်ယူနစ်အခြေပြု နိုင်ငံရေး အစုအဖွဲ့တခုဖြစ်သည်။