မွန်ပြည်လွတ်မြောက်ရေးးတပ်တော် (Mon Liberation Army) က ရဲဘော်၊ ရဲမေများက ညီနောင်မဟာမိတ် ဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးထံ စစ်ပညာသင်ယူခဲ့တယ်လို့မနေ့က သတင်းဓာတ်ပုံကို ထုတ်ပြန်ထားပါတယ်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော်မှ TNLA ထံမှ စစ်သင်တန်းကို သင်ယူခဲ့ပြီး၊ ဒီနေ့ အခါ မွန်ပြည်နယ်မှာ ခြေကုတ်ယူပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ပွဲဖော်ဆောင်နိုင်တဲ့အခြေအနေ ရောက်ရှိနေပြီလို့ ဆိုပါတယ်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော်မှ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ မဟာမိတ်လမ်းကြောင်း ဖောက်နိုင်ခဲ့ တယ်လို့ အသိပေးထားပါတယ်။