ဒေါနစစ်ကြောင်းမှ ဦးစီးပြုလုပ်သော အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို မွန်ပြည်တော်လှန်ရေးတပ်မှ ရဲဘော်များ၊ မဟာမိတ်တပ်ဖွဲ့မှရဲဘော်များနှင့်အတူ တက်ရောက်ခဲ့ပြီး အခြေခံ စစ်ပညာ သင်တန်းကို ဒေါနစစ်ကြောင်းမှ ပို့ချပြီး မွန်ပြည်တော်လှန်ရေးတပ် – MSRF ၊ ရေးပြောက်ကျားတပ် – YGF ၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KBDF ၊ ရေးသိမ်ငှက် ၊ ဝေဟင်တပ်ဖွဲ့နှင့် ထားဝယ်ကာကွယ်ရေးအဖွဲ့ – DDT မှ ရဲဘော်များ တက်ရောက်ကာ အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့ကြောင်း သိရှိရသည်။
စစ်သင်တန်းဆင်းပွဲကို ရေးတောင်ပိုင်းရှိ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် ရဲဘော်များ တက်ရောက်ခဲ့ကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ကြမည့် ရဲဘော်များအတွက် အခြေခံစစ်သင်တန်းသည် အရေးပါသောသင်တန်းဖြစ်ကြောင်း သိရသည်။