ရှမ်းပြည်နယ်၊ ကျောက်တစ်လုံးကြီးက မွေတော်ကက္ကူဘုရားရှေ့ ညောင်ပင်တွေအောက်မှာ စစ်ရှောင်နေတဲ့ စစ်ဘေးသင့်ဒုက္ခသည်တွေကို နိုင်ငံခြားသားတွေ လာတဲ့အတွက်ဆိုပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက ဒီနေ့ ဇန်နဝါရီ ၃ ရက်မှာ မောင်းထုတ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲမှု ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ဆီဆိုင်၊ ပင်လောင်း စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်တွေဟာ မွေတော်ကက္ကူဘုရားရှေ့ ညောင်ပင်အောက်နဲ့အနီး၀န်းကျင်မှာ ဖြစ်သလို လာရောက် နေထိုင်နေကြရတာကို နိုင်ငံခြားသားတွေ လာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မမြင်ကွယ်ရာကို ထွက်သွားကြဖို့ လာမောင်းထုတ်နေတာလို့ သိရပါတယ်။
မွေတော်ကက္ကူဘုရားရှေ့ ရောက်ရှိလိုလှုံနေရတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်နေတဲ့ကြားက ခုလို အညှာတာကင်းမဲ့စွာ အတင်းအဓ္ဓမ လာရောက်မောင်းထုတ်နေတာလို့ သိရပါတယ်။
စစ်ဘေးရှောင်ပြီး ဒုက္ခရောက်လာသူတွေကို ထောက်ပံ့ပြုစုကူညီရမယ့်အစား လူမဆန္စြာ မောင်းထုတ်ခံနေရတာဟာ လူသားချင်းစာနာထောက်ထားမှုသာမက ပအို၀်းလူမျိုးအချင်းချင်းလဲ ရိုင်းပင်းကူညီမှုအစား ကြမ်းတမ်းရက်စက်ယုတ်မာမှုတွေသာ ရနေကြတာဖြစ်တယ်လို့ ပြောကြပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ ဟိုပုံးက ဘုန်းကြီကျောင်းအနည်းငယ် တောင်ကြီးမြို့ပေါ် ၀န်းကျင်၊ ဆီဆိုင်ဘက် ပင်စုံအုပ်စု၊ နောင်ကျောအုပ်စု၊ တောင်ရှေ့အုပ်စု စတဲ့ရွာတွေ၊ ပင်လောင်းဘက်က နန်းတုတ်၊ ထီးရီးစတဲ့ရွာတွေ က မတတ်နိုင်သူတွေဟာ တောတောင် ကျောက်ဂူတွေထဲ အပြင် ကျောက်တစ်လုံးကြီးက မွေတော်ကက္ကူဘုရားဖက်ကို ပြေးလာကြရတာပါ။
ပအို၀်းလူငယ်အစည်းအရုံးရ PYO က ဇန်နဝါရီ ၂၂ ရက္က ၂၇ ရက္ထိ ကောက်ယူထားတဲ့စာရင်းအရ ပြည်သူ ၄၃၀၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။
စစ်ရှောင်ပြည်သူ တစ်သိန်းကျော်လောက်ရှိနေတာကို ဟိုပုံးနဲ့တောင်ကြီးအနီးကျေးရွာရောက်သူတွေပဲ ကူညီထောက်ပံ့မှုအချို့ရရှိပေမယ့် အခြားစစ်ရှောင်တွေမှာ ရာသီဥတုဒဏ် ခံနေရတဲ့အပြင် ရိက္ခာပြတ်လပ်မှုဒဏ်တွေ ခံနေရပြီလို့ သိရပါတယ်။
တစ်ပိုင်တစ်နိုင် လာရောက်ကူညီသူတွေလောက်ပဲရှိနေတာဖြစ်လို့ အ၀တ်အထည်၊ စောင်၊ ဆေးဝါး၊ ကူညီစောင့်ရှောက်မှုနဲ့ စားရေရိက္ခာတွေ အများအပြားလိုအပ်နေတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။