ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် မှော်ဘီလေတပ်ကို ပစ်ခတ်ရန် ချိန်ရွယ်ထား သည့် ရှော့တိုက်ဒုံး ၈ လုံး ဖမ်းဆီးရရှိကြောင်း အကြမ်းဖက်စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မှော်ဘီလေတပ်သို့ ပစ်ခတ် ရန် ချိန်ရွယ်ထားသော ရှော့တိုက်ဒုံး ၈ လုံးကို လှည်းကူးမြိုနယ်၊ညောင်နှစ်ပင် ကျေးရွာ၊မှော်ဘီ-ဆတ်သွားတောကားလမ်းဘေးမှ သိမ်းဆည်း ရမိခဲ့ကြောင်း၊ မှော်ဘီ-ဆတ်သွားတောကွန်ကရစ်လမ်းနှ င့် ပေ၆၀အကွာ အုတ်ဖိုဆိပ် တံတား အနီး လယ်ကွင်းတွင်ရောင်စုံထီးများထောင်ထားသည်ကို ငါးရှာ၊အမှိက် ကောက်သည့်ကလေးများကတွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် အကြမ်း ဖက်စစ်ကောင်စီဘက်က သတင်းအရ နယ်မြေရှင်းလင်းရာမှ မှော်ဘီလေတပ် သို့ ချိန်ရွယ်ထားသည့် ၁၀၇မမ ရှော့တိုက်ဒုံး ၈ လုံးကိုတွေ့ရှိသိမ်းဆည်း ရမိခြင်း ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်မြို့ပြ တော်လှန်ရေး အဖွဲ့တချို့ကို ဆက်သွယ်၍ မှော်ဘီတွင် လေတပ်ကို ပစ်ခတ်ရန် ချိန်ရွယ်ထားသော ရှော့ တိုက် ဒုံးများကို စစ်တပ်က ဖမ်းဆီးခဲ့မှုနှင့်ပတ်သက်၍ မေးမြန်းရာ မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခု၏ ရှော့တိုက်ဒုံးများဖြစ်နိုင်ကြောင်း သုံးသပ်ပြော ဆိုသည်။
“အတိအကျ နာမည် ထုတ် မပြောလိုပေမယ့် ဒီဘက်တော်လှန်ရေး အဖွဲ့ ဘက်က ဒုံးတွေ ဖြစ်နိုင်ပါတယ်။” ဟု ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။