ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းနှင့် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ လူထုသပိတ်စစ်ကြောင်းတို့ပူးပေါင်း၍ ဆန္ဒထုတ်ဖော် သပိတ်မှောက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါတော်လှန်ပြည်သူများက အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်း၊ မတရားစစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ဆန္ဒပြထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။