စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ ၇ ရွာကျော်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ ၇ ရွာကျော်ကို စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
” စစ်ခွေးတွေ စစ်ကြောင်းထိုး စီးနင်းလို့ ကျေးရွာ ၇ ရွာကျော်က ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် ယင်းမာပင်မြို့နယ်ရှိ ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ရွာသာ၊ ဘိန်းနွယ်ချောင်၊ ကျေးစာကျ၊ ပေကုန်း စသည့် ကျေးရွာ ၇ ရွာကျော်က ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။