စစ်ကိုင်းတိုင်း၊ ယင်မာပင်မြို့နယ်၊ မြို့ကြီးရွာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းက ကျေးရွာကို ဝင်ရောက် မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင် ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ Mi-35 ရဟတ်ယာဥ် ၁ စီးက လေးရွာ၊ ရွာထောင်၊ မြို့ကြီး တစ်ဝိုက်ကို ပတ်ပစ်သွားပြီးနောက် ညမေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် မြို့ကြီးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
“ယင်းမာပင် မြို့ထဲကနေ စစ်ကြောင်းစထွက်လာလို ပြေးကြလွှားကြတုန်းရှိသေးတယ်။ လေယာဥ်နဲ့ ရုပ်တစ်ရက်လာပြီးပစ်နေတာ။ စစ်ဘေးရှောင်ပြည်သူတွေ ထိခိုက်မှုရှိနိုင်တယ်။ လတ်တလောတော့ အသက်လုပြေးနေရတာကြောင့် ဘာမှသိရဖို့မလွယ်သေးဘူး။ မြို့ကြီးရွာကို ၅ နာရီ ၁၀မိနစ်မှာ စစ်ကြောင်းက မီးထပ်ရှို့နေတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။
ယင်းမာပင်မြို့နယ် အနောက်မြောက်ခြမ်းရှိ ရဲတပ်ရင်း ၂၈ က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးကြောင်း၊ ထို့ပြင် မြို့ကြီးရွာရှိ သမိုင်းဝင်စောလူးမင်း တည်ဆောက်ခဲ့တဲ့ဘုရားနှင့် ဇရပ်များ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နတ်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ပျက်စီးမှုရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။