ယင်းမာပင်မြောက်ခြမ်း ကျေးရွာများသပိတ်စစ်ကြောင်း ၂ နှစ်ပြည့်အဖြစ်နဲ့ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ် နဲ့ ဒေသတွင်းသပိတ်အင်အားစုတွေ စုပေါင်းပြီး ဒီနေ့မှာ ပြုလုပ်ခဲ့ ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “ယင်းမာပင်မြို့နယ်မြောက်ခြမ်း ကျေးရွာများသပိတ်” နဲ့ “ရွာပေါင်းစုံ လူထုသပိတ် ဦးဆောင်ကော်မတီ” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြား ထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျ ရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။