စစ်ကိုင်းတိုင်း၊ယင်းမာပင်မှာ စည်သူရွာသစ်ကွင်းမှာရှိတဲ့ ပြည်သူပိုင်သစ်တွေကို ခိုးထုတ်နေတဲ့ အကြမ်း ဖက်စစ်သားအင်အား ၁၀၀နဲ့ ဖလပ်ခွံရေယာဥ်တွေကို မဟာမိတ်တပ်ပေါင်းစုက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးက ထုတ်ပြန်ပါတယ်။
အဲဒီအကြမ်းဖက်စစ်အုပ်စုကို ဒီနေ့ ဩဂုတ် ၁၆ရက်က ULF(တပ်ပေါင်းစု) Comrade စစ်ကြောင်းက စစ်ကြောင်းမှူး ဗိုလ်နိုင်မင်း ဦးဆောင်ပြီး (107 MM)နဲ့ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာပါ။
ပစ်ခတ်တိုက်ခိုက်မှုမှာ သစ်ကွင်းအတွင်း သစ်ခိုးထုတ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရှိရာ နေရာကို တိကျစွာပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ULF(မဟာမိတ်တပ်ပေါင်းစု) Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း နဲ့ Alpha စစ်ကြောင်းတို့နဲ့အတူ ဒေသမဟာမိတ်တပ်ဖွဲဖြစ်တဲ့ Chindwin Brothers PDF တို့က ပူးတွဲ mission ဖော်ဆောင်နိုင်ခဲ့တာပါ။