စစ်ကိုင်းတိုင်း၊ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်အင်အားစုက ဦးဆောင်ပြီး ဒီနေ့ အောက်တိုဘာလ(၁၉) ရက်နေ့မှာ သွေးစွန်းငွေဖြတ်တောက်ရေး “ဘူး” သပိတ်တိုက်ပွဲကျင်းပ ခဲ့ကြပါတယ်။
သပိတ်တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အောင်ဘာလေထီ မထိုးဖို့၊ယာဉ်လိုင်းတွေဖြစ်တဲ့ ရွှေမန်းသူ၊ရွှေမြိုင်သူ၊သန်မြန်သူ၊ပုသိမ်သူ၊ရှမ်းမလေး စတဲ့ ယာဉ်လိုင်းတွေကို မစီးကြဖို့နဲ့ နန်းမြိုင် တံဆိပ်ပါ ကော်ဖီ၊တီးမစ်၊ရွှေဖီဦး တံဆိပ်ပါ လက်ဖက်ခြောက်တို့ကို မသောက်သုံးကြဖို့ ပြည်သူတွေကို အသိပေးတောင်းဆိုခဲ့ကြပါတယ်။