ယင်းမာပင်မြို့နယ်၊စုန်းချောင်းရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး ရွာရှိဒေသကာကွယ်ရေး (Local DF)တပ်ဖွဲ့ဝင် သုံးဦးကို သတ်ဖြတ်သွားသလို ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ကသည်။
စုန်းချောင်းရွာကို ယနေ့(ဇူလိုင်လ ၂၁ရက်) နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်ဟု ယင်းမာပင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
” ကင်းကျနေတဲ့ ရဲဘော်သုံးယောက်ကို သတ်သွားတယ်။ အရပ်သားတွေကိုလည်း ဖမ်းသွားတယ်။ ဘယ်နစ်ဦးပါသွားလဲ မသိရသေးဘူး။ စစ်ကြောင်းက ရွာထဲမှာပဲရှိသေးတယ်”ဟု ဒေသခံတစ်ဦးက ယနေ့(ဇူလိုင်၂၁ရက်)နံနက် ၇ နာရီခွဲတွင် ပြောသည်။
ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စုန်းချောင်းရွာ အနောက်ပိုင်းကိုလည်း မီးရှို့ဖျက်ဆီးနေကြောင်း လည်းဒေသခံအချို့ကပြောသည်။