ယင်းမာပင် ၊ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၈၉ ရက်မြောက်နေ့ အဖြစ် ဒေသတွင်းကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြောင်းသိရသည်။
အဆိုပါ သပိတ်လှုပ်ရှားမှုတွင် လက်နက်ကြီးအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးစကားများ၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဥ်များနှင့် နိုင်ငံရေးတရားများကိုလည်း သပိတ်ကော်မတီဝင်တစ်ဦးက ဟောပြောခဲ့ကြောင်းသိရသည်။