ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်းစုံသပိတ်သည် ရက်ပေါင်း ၁၀၀၀ ပြည့်မြောက်သည့် နေ့တွင် ဒေသတွင်း သပိတ်အင်အားစုများဖြင့် ချီတတ်ကြပြီး ကျောင်းသားလူငယ်၊ပြည်သူလူထု နှင့် သပိတ်စစ်ကြောင်းအသီးသီးမှ ကော်မတီဝင်များပူးပေါင်းချီတက်ခဲ့ကြသည်။
တော်လှန်ရေးကာလ ၃နှစ်တာကာလအတွင်း ပြည်သူများစိတ်ပင်ပန်းမှုများရှိနေခြင်းအပေါ် ခေတ္တပြေပျောက်စေရန် သပိတ်စစ်ကြောင်းအသီးသီးက တော်လှန်ဖြေဖျော်မှုများအဖြစ် တေးသရုပ်ဖော်အကများ၊ တစ်ခန်းရပ်ပြဇာတ်များကိုလည်း ကပြခဲ့ကြသည်။
လူထုသပိတ်တိုက်ပွဲကို ဝန်းရံလာကြသည့် အင်အားစု အသီးသီး၊အလွှာအသီးသီးက လူထုများအနေဖြင့် တော်လှန်ရေးတစ်စုံလုံးကိုဖြစ်စေ တော်လှန်ရေးကာလအတွင်းက ကဏ္ဍအသီးသီးကိုဖြစ်စေ ပြည်သူလူထု၏ အမြင်သဘောထားများကို ရယူသည့် လှုပ်ရှားမှုကို Sticky Note များဝေပြီး ရယူသည့် အစီအစဥ်ကို ထူးခြားစွာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။