စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပျူစောထီး နေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု နေအိမ် ၁ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း ဗိုလ်ထွန်းတောက် -BTTL PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမရှိ ပျူစောထီး နေအိမ်များကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးပြီး ပျူစောထီးများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
” ပျူရွာထဲမှာရှိတဲ့ ပျူအိမ်တွေကိုပစ်တာပါ။ အကျအဆုံးတော့ အတိအကျ မသိပါဘူး။ ပျူရွာထဲက နေအိမ် ၁ လုံး မီးလောင်သွားတယ်” ဟု ဗိုလ်ထွန်းတောက် -BTTL PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ထွန်းတောက် -BTTLPDF ၊ Brave Eagle Revolution Force ၊ B-2 Fighters ၊ ချင်းတွင်းတိုက်ဂါး -LPDF ၊ ဂျိုးငှက်ပြောက်ကျား တပ်ဖွဲ့နှင့် အတူ မဟာမိတ် ညီနောင်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။