စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ ကျေးလက်ဒေသလူထုသပိတ်တိုက်ပွဲ လှုပ်ရှားမှုရက် ၁၀၀၀ ပြည့် မြောက်ခဲ့ပြီဖြစ်တဲ့အတွက် မန္တလေး သပိတ်အင်အားစုမှ သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုမှ ဒီနေ့ရက်စွဲနဲ့ သဝဏ် လွှာကို ထုတ်ပြန်လိုက်ပါတယ်။
ယင်းမာပင်-ဆားလင်းကြီး သပိတ်တိုက်ပွဲကော်မတီ (AVPSCC) က ကျေးလက်ဒေသများမှာ လူထုလှုပ်ရှားမှုအဖြစ် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ လ ၁ ရက်မှ စတင်ပြီး၊ သပိတ်တိုက်ပွဲဆင်နွှဲလာခဲ့တာ ၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ရက်ပေါင်း ၁၀၀၀ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
လူထုသပိတ်တိုက်ပွဲ ရက်ပေါင်း ၁၀၀၀ ပြည့်မြောက်တဲ့အထိ အကြမ်းဖက်စစ်တပ် ကျဆုံးရေး အတွက် ချီတက်ဆန္ဒပြနေတဲ့ ယင်းမာပင်-ဆားလင်းကြီးဒေသက လူထုလူတန်းစား အားလုံးပါဝင် တဲ့ သပိတ်ကော်မတီအား မန္တလေးသပိတ်အင်အားစုမှ လေးစား ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ်မှ မတရား သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ယင်းမာပင်-ဆားလင်းကြီး ဒေသက နွေဦးသူရဲကောင်းအပေါင်းကိုလည်း အလေးပြုအပ်တယ်လို့ သဝဏ်လွှာထဲ ထည့်သွင်းရေးသားထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ ရောက်ရှိတဲ့အထိ မန္တလေး သပိတ်အင်အားစုမှ ၊ ယင်းမာပင် -ဆားလင်းကြိး ကျေးရွာပေါင်းစုံ လူထုလှုပ်ရှားမှု သပိတ်အင်အားစုနဲ့ အတူ ရပ်တည်ချက်တူညီစွာ ပူး ပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကတိပြုပြောကြားပြီး၊ ရက်ပေါင်း၁၀၀၀ ပြည့်ဂုဏ်ပြုသဝဏ်လွှာပေးပို့လိုက်တယ်လို့ ဖော်ပြ ထားပါတယ်။