ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၉၇၅ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်စစ်တပ် ကျရှုံးရေး တောင်ယာသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ တော်လှန်ပြည်သူတွေက”ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ” ဆိုတဲ့ စာသားကို ကိုင်ဆောင်ကာ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ ကြပြီး လူထုကို လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တာပါ။
” ဒေသတွင်းမှာ တောင်ယာရိတ်သိမ်းချိန် ဖြစ်တဲ့အလျောက် လူထုအနေနဲ့ တော်လှန်ရေး နဲ့ အဆက်မပြတ်စေဖို့ ရရာနေရာ၊ အဆင်ပြေရာ အနေအထားနဲ့ ဆက်လက်တော်လှန်နေကြသည်မှာ လေးစားအားတက်ဖွယ်ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဒီနွေဦးတော်လှန်ရေး ယခုလို တော်လှန်စိတ်၊ခံယူချက်နှင့် ဆိုလျင် မအောင်စရာအကြောင်းမရှိနိုင်ပါ။ ဒါကြောင့် အဆုံး သတ်တိုက်ပွဲကို လူထုအားနဲ့ အပြီးသတ်နိုင်ဖို့ နိုင်ရာ တော်လှန်ရေးလမ်းစဥ်မှန်သမျှမှာ အဆုံးထိ ပါဝင်တော်လှန်ကြဖို့ လိုအပ်ပါတယ်” လို့ သပိတ်တာဝန်ရှိသူ တဦးက ပြောပါတယ်။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုနဲ့ ရာသီဥတုဆိုးဝါးတဲ့ကြား ထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျ ရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။