ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ၈၈၉ ရက်မြောက်အဖြစ်နဲ့ ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “ကြေးနီသတ္တုတွင်း အကြောင်းပြု လူသတ်ပွဲတွေ လုပ်နေတာ ချက်ချင်းရပ်”ဆိုတဲ့ စာသားတွေကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
“ဝမ်ပေါင် ယန်စီ ကုမ္ပဏီတွေရဲ့ လုပ်ငန်းခွင်ဟာဆိုရင် စစ်အကြမ်းဖက်အုပ်စုရဲ့ ခိုနားရာ နေရာတွေဖြစ်ပါတယ် အမြဲလိုလို အပြင်ထွက်ပြီး ပြည်သူကိုသတ်ဖြတ် နေအိမ်မီးရှို့ မုဒိမ်းကျင့် စတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အခုလိုမျိုး ဝမ်ပေါင် ယန်စီ ကုမ္ပဏီတွေက စစ်အကြမ်းဖက်အုပ်စုကို ကူညီအထောက်အပံ့ပေးနေတဲ့အပေါ် ပြည်သူများက လက်မခံကြောင်း သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်” လို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြား ထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျ ရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။