ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က အကြမ်းဖက်စစ်တပ် ကျရှုံးရေးအဖြစ် ၁၀၇၄ ရက်မြောက် ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြ ပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “ရွာပေါင်းစုံ လူထုသပိတ် ဦးဆောင်ကော်မတီ” နဲ့ “မတရားမှုမှန်သမျှချုပ်ငြိမ်းဖို့ လူထုတရပ်လုံး ထကြွစို့”ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျ ရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။