ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “ကြေးနီသတ္တုတွင်း အကြောင်းပြု လူသတ်ပွဲတွေ လုပ်နေတာ ချက်ချင်းရပ်”ဆိုတဲ့ စာသားတွေကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြား ထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျ ရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။